“Life takes on meaning when you become motivated, set goals and charge after them in an unstoppable manner.”(Les Brown)

ဘ၀မှာ မိမိလုပ်နေတဲ့ အလုပ်၊ လုပ်ချင်တဲ့ အလုပ်တွေမှာ အောင်မြင်ဖို့ဆိုတာ စိတ်အားထက်သန်မှု အမြဲတမ်းရှိနေမှ မိမိဘ၀က အဓိပ္ပာယ်ရှိမှာပါ။ စိတ်အားထက်သန်နေရုံတခုနဲ့ လည်း မပြီးသေးပါဘူး။ ပန်းတိုင်တွေကို သတ်မှတ်ပါ။ ပန်းတိုင်ကိုရောက်ဖို့အတွက် ဘယ်တော့မှ အလျော့မပေး၊ဒူးမထောက်ပဲ ဆက်လက် ချီတက်ပါ။

ဒီတပတ် Super Sunday Quote အနေနဲ့ ဒါလေးပြောချင်ပါတယ်။မင်းတို့ လူငယ်တွေက တခုခုဆို ဖြစ်ချင်တာပဲ သိတယ်၊ ကောက်ရိုးမီးလိုပါပဲ အစရှိသဖြင့် ဘေးထိုင်ဘုပြောတဲ့ လူကြီးတွေ စကား နားမယောင်ပါနဲ့။ ကောက်ရိုးမီးဆိုတာလည်း လောင်တာပါပဲ။ အမြဲတမ်း ကိုယ့် အလုပ်အောင်မြင်ဖို့၊ ပန်းတိုင်ကို ချီတက်ဖို့ လိုအပ်တဲ့ လောင်စာနဲ့တူသော ကောက်ရိုးတွေ များများ ရှာပြီး ထည့်ပေးလည်း ရတာပါပဲ။ ကောက်ရိုးတွေ၊ ဖွဲတွေက အဓိက မဟုတ်ပါဘူး။

ကိုအင်ဒရူး