English Vocabulary in Use - Cambridge University Press by Michael McCarthy, Felicity O'Dell

English Vocabulary in Use ကတော့ အင်္ဂလိပ်စာကို အခြေခံအသင့်အတင့်ရှိတဲ့သူတွေအတွက် ကိုယ်တိုင်အိမ်မှာပဲ လေ့ကျင့်လို့ရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာ အင်္ဂလိပ်စာလေ့လာသူတစ်ယောက် တကယ်သိထားသင့်တဲ့ အင်္ဂလိပ်ဝေါဟာရတွေ၊ ရှေ့တွဲများ (prefixes)၊ နောက်တွဲများ (suffixes) နဲ့ Grammar structure တွေအပြင် ၎င်းတို့ကို ဘယ်လိုနေရာတွေမှာသုံးရလဲ၊ မှန်ကန်တဲ့ အထားအသို၊ တည်ဆောက်ပုံတွေကိုပါ အသေးစိတ်ဖော်ပြထားတာမို့ အသုံးတည့်တဲ့ စာအုပ်တစ်အုပ်ပါ။ Unit တစ်ခုစီမှာ ခေါင်းစဉ်တစ်ခုစီကိုသက်ဆိုင်ရာဝေါဟာရတွေစုကာ ဥပမာတွေနဲ့ ဖော်ပြထားတာကြောင့် မှတ်မိရလွယ်ကူစေတယ်၊ ဒါ့အပြင် မိမိဘယ်လောက်သိကျွမ်းသလဲဆိုတာ စစ်ဆေးဖို့ကို exercise တွေပါပါတော့ အမှန်တကယ်အားထုတ်လေ့လာတဲ့ သူတွေအတွက်ကတော့ အကျိုးအများကြီးရမယ့်စာအုပ်ပဲ ဖြစ်ပါတယ်။

Cambridge University Press ကထုတ်လုပ်ထားတဲ့ စာအုပ်မို့ self-study လေ့လာချင်တဲ့သူတွေရော၊ စာသင်ကြားသူတွေပါ Reference ယူ လေ့လာသင်ကြားသင့်တဲ့ စာအုပ်ဆိုလည်းမမှားပါဘူး။

စာအုပ်ကို အောက်ပါလင့်ခ်မှာ download ရယူနိုင်ပါတယ်။

http://bit.ly/2wk6F23