Professional Excel Skills for Business Analysts and Consultants

Learning Platform: https://www.myanmaronlineschool.com/

Course Style: Self-Paced Learning

Starting Date: As soon As you make registration

Course Fee: 150,000 Kyats

Instructor: Ko Andrew 

အထက်တန်းစီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော အကြံပေးများကဲ့သို့ အချိန်သက်သာစေပြီး ထိရောက်မြန်ဆန်စေမယ့် Excel ဖော်မြူလာနှင့် လှည့်ကွက်များကို ကျွမ်းကျင်အောင် သင်တန်းတက်ရောက်လိုက်ပါ။

သင် ဘာတွေ သင်ယူရမလဲ

  • Excel ၏အရေးကြီးဆုံး လုပ်ဆောင်ချက်များနှင့် အင်္ဂါရပ်များကို ကျွမ်းကျင်လာမည်။
  • Excel မှာဒေတာကို ခွဲခြမ်းစိတ်ဖြာရတဲ့အခါ ကြုံရမယ့် အဓိက အခက်အခဲများကို နားလည်လာမည်။
  • Excel မှာ အဆင်သင့် ပါဝင်တဲ့ analyses များကို ရယူနိင်လာမည်။
  • Excel မှာ ရှုပ်ထွေးတဲ့ စီးပွားရေးပြဿနာများကို ခွဲခြမ်းစိတ်ဖြာနိုင်လာမည်။
  • Excel မှာ သင့်အလုပ်ကို အလွန်မြန်ဆန်စေမယ့်အရေးကြီးတဲ့ Excel မှ ဖြတ်လမ်းနည်းများကို ကျွမ်းကျင်လာမည်။
  • သင်တို့ အလုပ်တွင် စီမံခန့်ခွဲမှု အကြံပေးတစ်ဦး(Management Consultant) သို့မဟုတ် စီးပွားရေး ခွဲခြမ်းစိတ်ဖြာရေးမှူး(Business Analyst) တစ်ဦး အဖြစ် Excel တွင် Analysis များ၏ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ပြုလုပ်နိုင်လာမည်။

လိုအပ်ချက်များ

  • Excel အခြေခံအဆင့်
  • စီးပွားရေး သို့မဟုတ် ဘဏ္ဍာရေးအကြောင်း အခြေခံ နားလည်မှု

 ဒီသင်တန်းရဲ့ရည်မှန်းချက်ကဘာလဲ?

Excel ဟာ စီးပွားရေးခွဲခြမ်းစိတ်ဖြာသူများ(Business Analysts)နဲ့ အကြံပေး(Consultant)တိုင်း အများဆုံး အသုံးပြုလေ့ရှိတဲ့ tool တစ်ခုပါ။ Excel ဟာ Analysis လုပ်ဖို့ အကောင်းဆုံး၊ အသင့်တော်ဆုံး အရာတခု ဟုတ်၊မဟုတ်ကို ဘယ်လိုပဲ ငြင်းခုံကြပါစေ၊ အလုပ်လုပ်တဲ့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ အရာတခုဆိုတာတော့ လက်ခံရမယ့်ခေတ်တခု ဖြစ်ပါတယ်။

Excel ဟာ မရေမတွက်နိုင်တဲ့ feature တွေနဲ့ function တွေပါဝင်နေတဲ့ အတော် အဆင့်မြင့်တဲ့ Tool တခု ဖြစ်နေဆဲပါပဲ။ ကျွန်တော်တို့ အနေနဲ့ မဟာတန်းများတက်စဥ်က စာတွေ လုပ်၊ Research တွေ၊ Analysis တွေ လုပ်ခဲ့တုန်းကရော၊ လုပ်ငန်းသက်တမ်း ၁၅နှစ်နီးပါး Excel ကို အသုံးပြုတာ အတော်လေး ကျွမ်းကျင်ခဲ့ပါတယ်။ အများစုသော အရာတွေက သိပ်ထင်သလောက် အသုံး မတည့်လှဘူး တချို့ အရာတွေကတော့ ပြဿနာကို ဖြေရှင်းဖို့ ထားဦး၊ပိုပြီး ပြဿနာကို ရှုပ်ထွေးအောင်တောင် လုပ်နိုင်တယ်လို့ တွေ့ခဲ့ရတယ်။ ဒီ့အပြင် ကျွန်တော်တို့တွေ ပြည်တွင်း၊ပြည်ပ တက္ကသိုလ်တွေနဲ့ ကျောင်းပြီးစ တက်ခဲ့တဲ့ သင်တန်းတွေမှာ သင်ခဲ့ရတဲ့ Excel Feature တွေက လုပ်ငန်းခွင်အတွက် သိပ်လိုက်လျောညီထွေမှု မရှိသလို၊ အချိန်လည်း အတော်ကုန်စေတဲ့ အရာတွေ ဖြစ်တယ်ဆိုတာကို လုပ်ငန်းတွေ လုပ်ရင်း ပိုနားလည် လာခဲ့ရတယ်။ ဒါကြောင့်မို့ စီးပွားရေး ခွဲခြမ်းစိတ်ဖြာမှု ဌာနမန်နေဂျာ၊ အကြံပေးအနေနဲ့ လုပ်ခဲ့စဥ်က လုပ်ငန်းအတွေ့အကြုံတွေ ပေါ် မူတည်ပြီး လက်တွေ့ အလုပ်ဖြစ်၊ လုပ်ငန်းစုံမှာ အသုံးတည့်မယ့် Excel ရဲ့ လှည့်ကွက်၊ အကျိုးပိုများစေတဲ့ အရာတွေကိုပဲ စုစည်းဖော်ထုတ်ခဲ့ပါတယ်။

ဒီအတန်းမှာ ကျွန်တော်တို့ အနေနဲ့ သင့်ကို Excel အကြောင်း သမ္ဗနနံပေါင်းအစုံ သင်မှာ မဟုတ်ပါဘူး၊ ဒါက ထိရောက်တဲ့ လေ့လာမှု တခုလည်း မဟုတ်ပါဘူး(ပွင့်ပွင့်လင်းလင်း ပြောရရင် လိုကို မလိုအပ်ဘူး)။ ဒီအတန်းကို ပါရားတိုးရဲ့ ၈၀၊၂၀ ဥပဒေသကို အသုံးပြုပြီး ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ကျွန်တော်တို့ သင်မယ့် ပုံစံက အမြန်ဆုံးနဲ့ အသုံးအတည့်ဆုံး အရာတွေကိုပဲ (business analyst/consultant ရှုထောင့်မှ ကြည့်၍) သင်ကြားမှာ ဖြစ်ပါတယ်။ အချိန်တွေကို အများကြီး မကုန်ဆုံးပဲ သက်သာစေအောင် Excel ကို သုံးရင် ထားရှိရမယ့် အလေ့အကျင့်ကောင်းများကိုလည်း ပြောပြသွားပါမယ်။

အတန်းကို သေချာတက်ပြီး လေ့လာပြီးရင် ဒီသင်တန်းက သင့်ကိုတစ်ရက်အတွင်း Excel ကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ Business Analyst တစ်ဦး ဖြစ်စေပါမယ်။

ဒီအတန်းထဲမှာ ပေးထားမယ့် Excel ဖိုင်တွေအပေါ်အခြေခံပြီး ကျွန်တော်တို့က တဆင့်ချင်း သင်ကြားပေးပါမယ်။

သင်ကြားတာတွေကို သေချာ နားလည်ဖို့ရာအတွက် လက်ချာတခုပြီးတိုင်း ကျွန်တော်တို့တွေ ဒေတာကို အသုံးချပြီး ဘာတွေလုပ်သွားသလဲဆိုတာကို ကြည့်ကာ တပုံစံတည်း လိုက်လုပ်ကြည့်ပါ။ ကျွန်တော် လက်ချာမှာ ရှင်းပြတာတွေကို သေချာ နားမလည်သေးပဲ၊ လိုက်မလုပ်ကြည့်ပဲ နောက်လက်ချာတခုကို မသွားပါနဲ့။

ကျွန်တော့်အနေနဲ့ အတန်းသားတွေက အခြေခံအဆင့် Excel နားလည်မှုရှိကြောင်း သဘောထားပါတယ်၊ ဒါကြောင့် အခြေခံ Excel လုပ်ဆောင်ချက်များ (ဥပမာ- Excel မှာ ဖော်မြူလာတွေ ဘယ်လိုရေးရမလဲ) ကို သင်ကြားမှာ မပါဘူး။ ကျွန်တော့်အနေနဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်ဖြေရှင်းချက်များကို အာရုံစိုက်ပြီး၊ သိပ်ကို အဆင့်မြင့်လွန်းပေမယ့် နောက်ပိုင်းမှာ ဘာမှ အသုံးမတည့်၊ အချိန်ကုန်တဲ့ အရာတွေကိုတော့ ရှောင်ပြီး သင်ပါမယ်။ နောက်ဆုံးမှာ သင်ကြားမှုတွေမှာ ပြထားတဲ့ လှည့်ကွက်တွေကိုအသုံးပြုပြီး Excel မှာ Analyses အစအဆုံးကို လုပ်ထားတဲ့  ၄ ခုကို ပြသပါမယ်။ ဒါဆို ပိုပြီး မျက်လုံးထဲ ပိုမြင်မှာပေါ့ ။

သင်ကြားမှုတိုင်းတွင် သင်တွေ့ရမယ့် Excelဖိုင်များ ကို အပိုဆောင်းအရင်းအမြစ်များအနေနဲ့ LMS ထဲမှာ ထည့်သွင်းပေးထားပါတယ်၊ ဒါကြောင့် ဒီသင်တန်းပြီးတာနဲ့ မိမိတို့ လုပ်ငန်းခွင်မှာ ပြန်လည် အသုံးပြုလို့ရမယ့် ready-made analyses များကို တခါတည်း ရသွားပါမယ်။

ဒီသင်တန်းကိုဖန်တီးရတဲ့အကြောင်းပြချက်ကတော့?

Excel မှာဒေတာခွဲခြမ်းစိတ်ဖြာခြင်းကို ပြသတဲ့ သင်တန်းအနည်းငယ်လုပ်ဖူးပါတယ်။ သို့သော်လည်း အချို့သောကျောင်းသားများဟာ Excel ကို သင်တန်းတက်တုန်းသာ လုပ်တတ်ပြီး လက်တွေ့လုပ်ငန်းခွင် စီမံခန့်ခွဲမှု၊ အော်ပရေးရှင်းတွေမှာတော့ အသုံးပြုဖို့ ကျွမ်းကျင်မှုနည်းပါးကြောင်း တွေ့ရှိရပါတယ်။ ဒီသင်တန်းက Excel ကို အသုံးပြုနေရတဲ့ Business Analysts/Consultants တွေအတွက် ရည်ရွယ်သလို လက်တွေ့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေတဲ့ Middle and Senior Management မှ လူပုဂ္ဂိုလ်များအတွက်လည်း ရည်ရွယ်ပါတယ်။

ဒီသင်တန်းက ကျွမ်းကျင်မှုပေးမယ့်နည်းလမ်းများက

Excel ကိုဘယ်လိုအရှိန်မြင့်စွာ အသုံးပြုရမယ်ဆိုတာကို လေ့လာမယ် ဒေတာခွဲခြမ်းစိတ်ဖြာချက်တွေကိုဘယ်လိုရေးဆွဲပြီး ခွဲခြမ်းစိတ်ဖြာချက်နောက်ဆုံးရလဒ်အဖြစ်အသုံးပြုမယ် သင့်လုပ်ငန်းမှာ ခွဲခြမ်းစိတ်ဖြာရေးမှူးအဖြစ် ဘယ်လိုကျွမ်းကျင်စွာ အလုပ်လုပ်ရမယ်ဆိုတာကို သိရှိမည် သင့်အလုပ်သမားအဖွဲ့နှင့် ရုပ်ပိုင်းဆိုင်ရာမှာလည်း နားလည်နိုင်အောင် Excel ဖိုင်တွေ ဖန်တီးပါမယ်

ဒီသင်တန်းရဲ့ သင်ခန်းစာအုပ်မှာလည်း ထည့်သွင်းပါမယ့် သင်တန်းတွင်ပြသထားတဲ့ Excel တွေကို လေ့လာပြီးလုပ်ရမည်။

ဒီသင်တန်းရဲ့ အတွဲချုပ်ကို Excel ဖိုင်တွေနဲ့လေ့လာရမှာဖြစ်ပြီး သင်တန်းစာတွေကိုလည်း တစ်ခုချင်းစီ လေ့လာပြီးပြီးမှ နောက်ထပ်စာသားများကို လေ့လာပါ။ သင်တန်းမှာပြသထားတဲ့နည်းလမ်းများကို လက်တွေ့သုံးစွဲမှုတွေနဲ့ ခွဲခြမ်းစိတ်ဖြာချက်များကို Excel မှာပြထားပါတယ်။

ဒီသင်တန်းရဲ့အကျိုးကျေးဇူးတွေက

ဒီအတန်းက သင့် ကုမ္ပဏီ၊အဖွဲ့အစည်းရဲ့ ဒေတာတွေကို အသုံးပြုတဲ့အခါ အရည်အသွေးရှိတဲ့ ကောက်နုတ်ချက်တွေ ထွက်လာဖို့၊ ကိုယ်လုပ်တဲ့ Analyses တွေရဲ့ မြန်နှုန်း သိသာစွာ မြင့်တက်လာဖို့ အတွက် နမူနာ Analyses တွေများစွာ၊ လှည့်ကွက်တွေနဲ့ သင်ကြားမှုတိုင်းမှာ ထည့်သွင်းထားတဲ့ step-by-step guide တခုဖြစ်ပါတယ်။ သီအိုရီတွေ နည်းနည်းပဲ ပါဝင်ပါတယ်။ လုပ်ငန်းခွင် ဥပမာပေါင်းများစွာ၊ ကျွန်တော်တို့ လုပ်ငန်းခွင်ထဲက တွေ့ခဲ့ရတဲ့ tip ပေါင်းများစွာ၊ ထည့်သွင်း သင်ကြားသင့်တယ်လို့ ထင်လို့ ထည့်ထားတဲ့ ဥပမာပေါင်းများစွာပဲ ပါဝင်မှာပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကို အတန်းထဲရောက်တာနဲ့ အောက်ပါအတိုင်း သိလာမှာပါ။

1. ဒေတာတွေကို အရှိန်မြင့်ပြီး ထိရောက်စွာ ချိန်ဆချင်သုံးနိုင်ဖို့ Excel ကို ဘယ်လိုကျွမ်းကျင်စွာ အသုံးပြုမလဲ။

2. ခွဲခြမ်းစိတ်ဖြာထားမှုများမှ ကောက်ချက်တွေကို ဘယ်လိုဆွဲထုတ်မလဲ – (ရွေးချယ်ထားတဲ့ နမူနာ ဥပမာများမှ တဆင့်လေ့လာရန်) ။

3. ခွဲခြမ်းစိတ်ဖြာရေးမှူးအဖြစ် သင့်အလုပ်ကို ဘယ်လိုထိရောက်စွာ ဆောင်ရွက်မလဲ။

4. အချိန်ကာလတခု ကြာလျှင်တောင်မှ သင့်အဖွဲ့နှင့် သင်တို့ နားလည်နိုင်အောင်  Excel ဖိုင် များကို ရေရှည်အမြင်နှင့် ကြည့်ပြီး ဘယ်လိုတည်ဆောက်မလဲ။

အတန်းထဲမှာ မေးမြန်းလိုသည်များကို Telegram Group မှ တဆင့် ဆက်သွယ်ပြီးလည်း မေးခွန်းများ မေးနိုင်ပါတယ်။

ဒီသင်တန်းကို ဘယ်လိုဖွဲ့စည်းထားသလဲ?

သင်တန်းကို အောက်ပါအပိုင်းများအလိုက် ဖွဲ့စည်းထားပါတယ်:

  • မိတ်ဆက် - အတန်းအကြောင်း မိတ်ဆက်လေးတွေ ပြောပါမယ်
  • သတင်းအချက်အလက်အမျိုးမျိုးကို ပေါင်းစည်းပုံ -  သင့်အနေနဲ့ ခွဲခြမ်းစိတ်ဖြာရေးမှူးအဖြစ်  အမျိုးမျိုးသော အရင်းအမြစ်(sources)များမှ သတင်းအချက်အလက်များကို ပေါင်းစည်းရပါမယ်။ ဒီအပိုင်းမှာ VLOOKUP ဖန်ရှင်နှင့် အခြားသောဖန်ရှင်များကို အသုံးပြု၍ ဘယ်လိုလုပ်ရမယ်ကို ပြသပါမယ်၊ ဒါ့အပြင် ပြုလုပ်မည့် Analysis တခုတွင် မတူညီသော Table များမှာ လာသော ဒေတာများကို တစ်ခုတည်း ပေါင်းစည်းနိုင်စေရန် အလွယ်တကူ လုပ်ဆောင် နိုင်ပါမယ်။ HLOOKUP, MATCH, SUMIFS, နဲ့ INDEX ဖန်ရှင်များကို ဘယ်လိုအသုံးပြုရမယ်ကိုလည်း တွေ့ရပါမယ်။
  • ဒေတာကို သန့်စင်ပြီးပြန်လည်ဖော်ပြခြင်း - သင့်အချိန်၏ ၅၀% ကို ဒေတာကို သန့်စင်ပြီး ပြန်လည်ဖော်ပြဖို့ မကုန်လွန်အောင် လေ့လာပါမယ်
  • IF function ကို ဘယ်လိုအသုံးပြုမလဲ၊ ဘာတွေကို အစားထိုးမလဲ? - အများသောအားဖြင့် IF function ကို အသုံးပြုပြီးခွဲခြမ်းစိတ်ဖြာရပါတယ်။ ပြဿနာများကိုရှောင်တိမ်းပါ။
  • Pivot Tables - ခွဲခြမ်းစိတ်ဖြာရေးမှူးအဖြစ် ဒေတာကို အဆင့်အတန်းအလိုက် ကြည့်ရမယ်ဖြစ်ပါတယ်။
  • အသုံးဝင်သောနည်းလမ်းများ - ဤပိုင်းတွင် သင် တတ်ထားသင့်သော အခြားအသုံးဝင်သော နည်းလမ်းများကိုပြပါမယ်
  • ခွဲခြမ်းစိတ်ဖြာချက်ဥပမာ - ဤပိုင်းတွင် အစမှ အဆုံး လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လို ခွဲခြမ်းစိတ်ဖြာချက်ကို လုပ်ရသလဲဆိုတာပြပါမယ်
  • ဒေတာခွဲခြမ်းစိတ်ဖြာရန်ကိရိယာများ - Excel မှာအသုံးပြုရလွယ်ကူတဲ့ အခြားကိရိယာများ (tools)ကိုလည်း လေ့လာပါမယ်
  • Excel ကိုအရှိန်မြှင့်စွာအသုံးပြုခြင်း - သင့်အချိန်ကို လျော့နည်းစွာအသုံးပြုရမယ့် နည်းလမ်းများကိုပြပါမယ်
  • Visual Basic - Visual Basic ၏ အထူးအသုံးဝင်သော အစိတ်အပိုင်းများကိုလေ့လာပါမယ်
  • အရေးကြီးသော Excel အတိုကောက်များ - Excel ခွဲခြမ်းစိတ်ဖြာချက်ကိုမြန်ဆန်စွာလုပ်ရန် အရေးကြီးသောအတိုကောက်များကိုလေ့လာပါမယ်

 ကျွန်ုပ်၏သင်တန်းကုန်ဆုံးချိန်တွင် ကျောင်းသားများသည်…
• Excel ၏ အရေးကြီးသော ဖန်ရှင်များနှင့် လုပ်ဆောင်ချက်များကို ကျွမ်းကျင်လာပါမည်
• Excel တွင် ဒေတာများကို ချိန်ဆချိန်ဆင်ရန် ကြုံတွေ့ရသော အဓိကအခက်အခဲများကို နားလည်ပါမည်
• Analyses များကို အထူးသဖြင့် ထိရောက်စွာ လုပ်ဆောင်နိုင်ပါမည်

ဒီသင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ?

  • Business analysts
  • Consultants
  • Researchers
  • Controllers
  • Small and medium business owners
  • Startups founders