နိုင်ငံခြားမှာ ဆက်လက် ပညာသင်ကြားခြင်သူတိုင်းအတွက် GED

 GED + Japanese Skills + Life Skills ‌တွေ အားလုံးကို တစ်နေရာတည်းမှာ သင်နိုင်မယ့် အတန်း တစ်ခု(သို့မဟုတ်) နိုင်ငံခြားမှာ (အထူးသဖြင့် ဂျပန်မှာ) ဆက်လက် ကျောင်းတက်ချင်သူတိုင်းအတွက် GED with Myanmar Online School ကနေ ဖွင့်လိုက်တဲ့ GED တန်းခွဲသစ်လေး လာပါပြီနော်... 🎓🤩

ပညာရေးတစ်ပိုင်းတစ်စနဲ့ ဘာဆက်လုပ်ရမှန်းလည်း မသိဖြစ်နေတယ်၊ GED စာမေးပွဲလည်း ဖြေချင်တယ်၊ နိုင်ငံခြားသွားပြီး ကျောင်းတက်ချင်တယ်၊ အချိန်တိုအတွင်းလည်း ဂျပန်ကို ရောက်ချင်တယ် ဆိုသူတိုင်းအတွက် GED with Myanmar Online School ရဲ့ GED တန်းခွဲလေးကို ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။

GED ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ နိုင်ငံတကာတက္ကသိုလ်ကြီးများက အသိအမှတ်ပြု လက်ခံတဲ့ အထက်တန်းပညာရေး ဒီပလိုမာ အောင်လက်မှတ် (US High School Diploma) တစ်ခု ဖြစ်ပါတယ်။ GED with Myanmar Online School မှာ GED ဖြေဆိုဖို့လိုအပ်တဲ့

✅ Reasoning Through Language Arts (RLA)

✅ Mathematical Reasoning

✅ Science

✅ Social Studies စတဲ့ လေးဘာသာလုံးကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

👩 ဘယ်သူတွေ တက်လို့ရလဲ

✅ အသက် ၁၈ နှစ် ပြည့်ပြီးသူများ

✅ အထက်တန်း တက်ရောက်နေသူများ

✅ နိုင်ငံရပ်ခြားမှ ဆက်လက်ပညာသင်ကြားလိုသူများ

✅ အချိန်တိုအတွင်း Highschool Diploma ရယူလိုသူများ တက်ရောက်နိုင်ပါတယ်။

👉 In-person အတန်း

Starting Date: 28 June 2025

⏰ မနက် ၉ နာရီ - ညနေ ၄ နာရီ

📆 စနေနေ့ နှင့် တနင်္ဂနွေနေ့

Duration: 6-months

👉 Online အတန်း

Starting Date: 20 June 2025

⏰ ည ၇ နာရီ - ၉ နာရီ

📆 တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့

Duration: 6-months

ကျောင်းသားကျောင်းသူတွေအနေနဲ့ GED Classes တွေ မတက်ရောက်မီမှာ Placement Test ဖြေဆိုအောင်မြင်ရမှာဖြစ်ပြီးတော့ မအောင်မြင်ဘူးဆိုရင်လည်း Pre GED Program ကို Join နိုင်ပါတယ်နော်။

🎓 သင်ကြားသွားမယ့်ပုံစံ

✅ In-person Class များအတွက်ကတော့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက ‌ကျောင်းသား၊ ကျောင်းသူတို့ သင်ကြားရေးပိုင်းမှာ ပျော်ရွှင်စေဖို့နဲ့ Interactive ဖြစ်ဖြစ်နဲ့ သင်ကြားပေးသွားမှာပါ။

✅ Online Class များအတွက်ကတော့ Zoom Platform ကို အသုံးပြုသင်ကြားသွားမှာဖြစ်ပါတယ်။ သင်ခန်းစာတွေ မလွတ်သွားစေဖို့ကိုလည်း Zoom Recording များကို LMS ပေါ်မှာ အချိန်မရွေး ပြန်ကြည့်နိုင်အောင် စီစဥ်ပေးသွားမှာ ဖြစ်ပါတယ်။

✅ In-person Classတက်သူများပဲ ဖြစ်စေ၊ Online Class ကို တက်သူများပဲ ဖြစ်စေ၊ Learning Management System (LMS) ကို အသုံးပြုပြီး သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် Interactive Quiz တွေ၊ Monthly Assessment တွေကို LMS Platform ပေါ်မှာ ရနိုင်မယ့်အပြင် ကိုယ့်ရဲ့ တိုးတက်မှု Progress Record တွေကိုလည်း တစ်နေရာတည်းမှာ အချိန်မရွေး သွားကြည့်နိုင်ပါတယ်။

✅ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ ဘဝတ‌လျှောက်မှာ လိုအပ်တဲ့ Life Skills တွေဖြစ်တဲ့ စကားပြောစွမ်းရည်၊ လူမှုစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ သုတေသနစွမ်းရည် စတဲ့ သိသင့်သိထိုက်တာတွေကိုလည်း ဂျပန်ကို သွားရောက် ပညာသင်ကြားရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းမှာ အလျဉ်းသင့်သလို မျှဝေသင်ကြားရင်း ဘယ်လိုနယ်ပယ်မျိုးမှာမဆို ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်စေဖို့ကိုပါ လမ်းပြပေးသွားမှာဖြစ်ပါတယ်။

🇯🇵 ဂျပန်သွားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုများ

ခိုင်မာတိကျတဲ့ အချိန်၊ ကာလတစ်ခုကို ရည်ညွှန်းပြီး ကျောင်းသူကျောင်းသားများကို ပြင်ဆင်ပေးတဲ့ ပရိုဂရမ်တစ်ခု ဖြစ်တာကြောင့် ၂၀၂၆ အောက်တိုဘာနဲ့ ၂၀၂၇ ဧပြီလ (သို့) အောက်တိုဘာလ တို့မှာ  ဂျပန်နိုင်ငံက Language School၊ College၊ University တစ်ခုခုမှာ ကျောင်းတက်ဖို့ အခွင့်အလမ်းတွေကို ချိန်ကိုက်ပြီး ပြင်ဆင်ပေးမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်မယ့် Language School၊ College၊ University တစ်ခုခုအပေါ် မူတည်ပြီး၊ တက်ရောက်ရမယ့် ဂျပန်စာ သတ်မှတ်အဆင့်ကတော့ ကွဲပြားနိုင်တဲ့အတွက် အသေးစိတ်ကို ပညာရေး အကြံပေးတို့နဲ့ ကျောင်းမှာ လာရောက် ဆွေးနွေးနိုင်ပါတယ်။

👌 Payment Plan များ

ကျောင်းလခကိုတော့ အားလုံးအတွက် အဆင်ပြေအောင် One-time Payment (100%), Two-time Payment (60% + 40%) နဲ့ Monthly Payment ဆိုပြီး (၃) မျိုး ခွဲထားပေးပါတယ်။ တစ်လုံးတည်းပေးချေသူများအတွက် 20% Discount ရှိပြီး၊ (၂) ရစ်ခွဲပေးချေသူများအတွက်တော့ 10% Discount ရှိပါတယ်။ သူငယ်ချင်းတွေ တူတူစုပြီး ကျောင်းအပ်မယ်ဆိုရင်လည်း၊ နှစ်ယောက်နဲ့ နှစ်ယောက်အထက် အပ်နှံမယ်ဆိုရင် အပ်တဲ့သူတိုင်းက 25% Discount ရရှိသွားမှာပါနော်။

တစ်တန်းကို ကျောင်းသားဦးရေ (၁၅) ယောက်ထိပဲ လက်ခံမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ ဆက်သွယ်ပြီး ကျောင်းအပ်လိုက်တော့နော်။

အသေးစိတ်သိရှိလိုပါက

==============

🏢အမှတ် ၆၀၊ တတိယထပ်၊ စံရိပ်ငြိမ် (၅)လမ်းနှင့် အင်းစိန်လမ်းမထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

☎️ +959 754 233 002 | +959 420 378 785

📩myanmaronlineschoolged@gmail.com

💻 www.study.myanmaronlineschool.com


in GED
နိုင်ငံခြားအိပ်မက်ရှိတဲ့ ကျောင်းသားကျောင်းသူတွေတိုင်းအတွက် GED